အရှို ချင်းတိုင်းရင်းသားမျိုးနွယ်စု စတင်ဖြစ်ပေါ်လာခြင်း
အရှိုတိုင်းရင်းသား မျိုးနွယ်စုများသည် မြန်မာပြည်မြောက်ဖျားပိုင်း ဟူးကောင်းတောင်ကြားလမ်းမှ အေဒီ (၁) ရာစုတွင် မြန်မာပြည်ထဲသို့ ဝင်ရောက်လာခဲ့ကြသော (၁) မွန်ခမာအုပ်စု (၂) တိဘက်မြန်မာအုပ်စု (၃) ထိုင်းတရုပ်အုပ်စု တို့ အနက်၊ တိဘက်မြန်မာအုပ်စုမှ အေဒီ (၁၃) ရာစုတွင် စတင် ပေါက်ဖွားလာခဲ့သည်။
တိဘက်မြန်မာအုပ်စုမှ အေဒီ (၄) ရာစုတွင် (၁) ပျူလူမျိုး။ (၂) ကမ်းယံလူမျိုး။ (၃) သက်လူမျိုးဟှူု ပေါက်ဖွားလာခဲ့ပြီး။ အေဒီ (၅) ရာစုတွင် သက်လူမျိုးများမှတဆင့် (၁) အနောက်သက်လူမျိုး ဟု ခေါ်သော သက်လူ မျိုး၊ (၂) အရှေ့သက်ဟုခေါ်သော သက်မြုံလူမျိုး၊ (၃) သက်မြုံကမ်းယံဟု ခေါ်သော သက်ကဒူးလူမျိုးများ အဖြစ် ထပ်ဆင့်ပေါက်ဖွားလာခဲ့ကြသည်၊ ၄င်းနောက် အေဒီ (၆) ရာစုမှစတင်၍ သက်မြုံချင်းမှ ချင်းလူမျိုးစုကြီး အဖြစ် တည်ရှိလာပြီး ပထမမြန်မာနိုင်ငံတော် ပုဂံဧကရာဇ်နိုင်ငံ တည်ထောင်စ အေဒီ (၈၄၉) မှ ပုဂံခေတ်နှောင်းပိုင်း (၁၃-၁၄) ရာစုနှစ်အထိ မြန်မာအုပ်စုဝင်များ ဖြစ်ကြသော ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသောလူမျိုး ကြီးများနှင့် ပုဂံမင်းဆက်များ ဖြစ်ကြသော အနော်ရထာမင်း (၁၀၄၄-၁၀ရရ)၊ စောလူးမင်း (၁၀ရရ-၁၀၈၄)၊ ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃)၊ ရာဇကုမဿမာရ၊ အလောင်းစည်သူမင်း၊ နာရသိင်္ခမင်းကြီး (၁၂၃၀-၁၂၃၅) လက်ထက်အထိ တိုင်းရင်းသား ညီအစ်ကိုများနှင့် ချစ်ကြည် ရင်းနှီးစွာ အတူအကွ နေထိုင်ခဲ့ ကြကြောင်း အောက်ဖေါ်ပြပါ ကျောက်စာမှတ်တမ်းများက သက်သေထူလျက်ရှိသည်။
၁။ သကဿကရာဇ် (၈၀၆ – ခုစွဲ) စစ်ကိုင်းမြို့ထူပါရုံကျောက်စာ (၂၁ – ၂၂) တွင် “သက်မြုံချင်းကို အစိုးရသော ကစဿစပတိ အာသာမတိ မည်သော ပန်းသေးမင်းတို့ ၏ မျိုးနွယ်ဖြစ်သော ရခိုင်မင်းသည် ဖိုးခေါင်ဆဲတပ်ကိုကျော် ၍ အဖိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို ဦးထိပ်တင်ဆက်၍ ပြီးသော” ဟူ၍ ရေးသားမှတ်တမ်းတင် ထားသည်။
၂။ သကဿကရာဇ် (၈၀၈ – ခုစွဲ) စစ်ကိုင်းမြို့မဟာသီရကျောင်း ကျောက်စာ (၅) နှင့် သစ်ဆိမ့် ကတော် ကျောင်း တိုက်ကျောက်စာ (၅) တို့ တွင် “ချင်း၊ လင်းအပြိုင် သံတွဲ၊ သက်ခပံတို့ (စ်) တမူလေလည်း အစိုင်ရစင်ပြီးထ သော -“ ဟုကျောက်စာတွင် တွေ့ ရှိရသည်။
၃။ သကဿကရာဇ် (၁၁၄၆ – ခုစွဲ) မနဿတလေး အမရပူရ မဟာမြတ်မုနိဘုရား ကျောက်စာတွင်(၂၈-၂၉) “ရခိုင၊ ဟဲရမ်၊ သက်မြုံကမ်းယံ တောင်ဝှမ်းတလျှောက် အနောက်ပဠိကဿကရား စသော သင်္ဘောသား ကုလား၊ ကန်တူး ငနားကြီး၊ ရေပေါ် (မီးတောက်) အမြီးရောက်တသင်း ချင်း၊ လင်း၊ သိန်းပေါ၊ တမုန်၊ ထရူ၊ စသော အရိုင်းစု နေရာဟိမ၀နဿတာတောမှာ” ဟုရေးသားဖေါ်ပြပါသည်၊
၎။ ပဥဿစမတန်း လူမှုရေးသမိုင်းဘာသာရပ် (၂၀၀၃) စာမျက်နှာ (၅၈ – ၆၀) တွင် “ပုဂံဧကရာဇ် နိုင်ငံတည် ထောင်ချိန်တွင် ရခိုင်၊ ပျူ၊ မွန်၊ ပလောင်၊ တောင်သူ၊ ရှမ်း၊ ချင်း၊ လူမျိုးများ” ပါဝင်ကြောင်း မှတ်တမ်းပါရှိသည်။
ပုဂံ ဧကရာဇ်နိုင်ငံထူထောင်ပြီး (၁၂) ရာစုနှောင်းပိုင်းမှစတင်၍ ချင်းလူမျိုးစုကြီးသည် ဘိုးဘွား ဟု ချင်း စကား ဖြင့်ခေါ်ဝေါ်သော ပုပဿပါးနှင့် ပုဂံဒေသ၊ မြန်မာပြည်အလယ်ပိုင်းမှ အနောက်ဖက်တောင်တန်းများ ဆီသို့  ဧရာဝတီမြစ်ကိုဖြတ်ကျော်ပြီး အမဲလိုက်ဝါသနာပါသူများဖြစ်၍ အေးချမ်းစွာ နေထိုင်လိုသူများ ပီပီ၊ ဆွေမျိုးစု အလိုက် တစ်သုတ်ပြီးတစ်သုတ် တဖြည်းဖြည်း ရွေ့ ပြောင်းကာ ကျေးရွာ၊ မြို့ နယ်များတည်ထောင်၍ နေထိုင်ခဲ့ ကြပါသည်။ ၄င်းတို့ ကို အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်း၊ မြောက်ပိုင်းချင်း ဟူ၍ ခေါ်ဆိုကြပါသည်။
၁။ အလယ်ပိုင်းချင်းမျိုးနွယ်စုများမှာ ခမီးချင်း၊ အ၀ခူမီးချင်း၊ မြိုချင်း၊ စသည်ဖြင့်မျိုးနွယ်ပေါင်း (၁၂) မျိုးနွယ်တို့ သည် ရခိုင်ပြည်နယ် ကျောက်တော် မင်းပြား၊ မောင်းတော၊ ပုဏဿဏားကဿ ရေသ့ တောင်။ ဘူးသီးတောင်၊ စစ်တွေမြို့ များတွင် နေထိုင်ကြပါသည်။ မယင်း၊ မကန်၊ ကန်တဲချင်းမျိုးနွယ်များသည် တမူးမြို့ နယ်တ၀ိုက်တွင်ပျံနှံ နေထိုင် ကြသည်။ စုံတူ၊ စက်တူ၊ လောက်တူ၊ ဒိုင်တူ၊ ကုန်းတူမျိုးနွယ်များသည် မင်းတပ်၊ မတူပီ၊ အမ်းမြို့ နယ် များတွင်နေထိုင်ကြပါသည်။
၂။ မြောက်ပိုင်းချင်းမျိုးနွယ်များမှာ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တါန်းဇံ။ မြို့ နယ်များတွင် မျိုးနွယ်စု ပေါင်း (၄၁) မျိုးပျံနှံနေထိုင်ကြသည်။
၃။ တောင်ပိုင်းချင်းမျိုးနွယ်စုများမှာ အရှိုတိုင်းရင်းသာမျိုးနွယ်များဖြစ်ကြသည်။ ထိုတောင်ပိုင်း ချင်းမျိုးနွယ်စု များသည် မိမိတို့ လူမျိုးကို အရှိုတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြောင်း အမေရိကန် သာသနာပြုဆရာကြီး E C Comdict မှ အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသည်။
“Southern Chins call themselves ASHO”
ASHO (အရှို) ဟူသောဝေါဟာရသည် သက်ရှိလူသားဟု အဓိပဿပါယ်ရသည်။ အရှိုမျိုးနွယ် တိုင်းရင်းသား မျိုးနွယ်စု များသည် (အေဒီ - ၁၃) ရာ စု တွင် မ ကွေး တိုင်း၊ ငဖဲမြို့ နယ်နှင့် စေတုတဿတရာမြို့ နယ် တို့ ရှိသော အနောက်ရိုးမ တောင်တန်းကြီး များ တွင် အဖိုးဆုမ်းဆူ ( ) အဖွားဒေါ်ပမှူ ( ) မိသားစုမှစတင် ပေါက်ဖွားပွားများလာခဲ့ ကြပါသည်၊ ဤ အကြောင်း ခြင်းရာ များကို စာရေးချိန် (၂၀၀) တွင် အောက်ပါသက်ရှိ ထင်ရှားရှိနေသော အရှိုလူကြီးများထံမှ သိရှိရသည်၊ ၄င်းတို့ မှာ –
(က) တောင်ကုပ်မြို့ နယ်။ ရပ်တော်မူရွာမှ အသက် (ရ၀) ရှိ ဦးဆောက်စုံ ( )
(ခ) မင်းတုန်းမြို့ နယ်။ ယင်းကောက်ရွာမှ အသက် (၈၀) ရှိ ဦးချောင်ထိန်း ( )
(ဂ) မင်းလှမြို့ နယ်။ လယ်မရွာမှ အသက် (၅ရ) ရှိ ဦးမလောင်ဝေ ( )
(ဃ) မင်းလှမြို့ နယ်။ ပနီဆုံရွာမှ အသက် (၅ရ) ရှိ ဦးထွားလှုပ် ( )
(င) ငဖဲမြို့ နယ်။ ဂုတ်=ကီးရွာမှ အသက် (၈၉) ရှိ ဦးအုတ်ကန် ( ) တို့ ၏ ဆွေစဉ် မျိုးဆက် စာရင်းများ အရ အရှို တိုင်းရင်းသားမျိုးနွယ်ဆက် (၂၃) ဆက်ရှိကြောင်း သိရသည်။
မျိုးဆက်တစ်ဆက်၏ သက်တမ်းကို နှစ်ပေါင်း (၃၀) ခန့် သတ်မှတ်နိုင်သည်၊ ဤရှိုလူမျိုးတို့ သည် မိသား စု (၁၀) ယောက်အထက်ရှေးယခင်က ရှိကြသည်၊ အမျိုးသမီးများအသက် (၄၀) ကျော်အထိ ကလေးမီးဖွားသန့်  စင်လျက်ရှိကြသည်။ ကလေးငယ်များ ကို အမျိုးသမီးများက အသက် (၂၀) မှ (၄၀) ကျော်အထိ မီးဖွားသန့်  စင်လျက်ရှိရာ အထက်ဖေါ်ပြပါ အရှိုလူကြီးများ ပေါက်ဖွားလာမှု ကို အတိအကျ မခန့် မှန်းနှိုင်သော်လည်း အလယ်အလတ် (၃၀) နှစ် [(၂၀+၄၀)/၂] ဟု အကြမ်းအားဖြင့် မျိုးဆက် တစ်ခုကို ခန့် မှန်းသင့်ပါသည်။ ထို့ ကြောင့် အရှိုတို့ ၏ မျိုးဆက်သက်တမ်းတစ်ခု ကိုအနှစ် (၃၀) ဟုသတ်မှတ်နိုင်သည်။
ဤ ကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် အရှိုမျိုးနွယ်ဟု ယနေ့ ခေါ်ကြသောအရှိုလူမျိုးစုကို အနှစ် (၃၀) နှင့် မျိုးနွယ်ဆက် (၂၃) ဆက်ကို မြှောက်ပါက နှစ်ပေါင်း (၆၉၀) ခန့် မှ အရှို လူမျိုးဟူ၍ ပီပီပြင်ပြင် ပေါ်ထွက်လာသည် ဟူ ၍ လည်း တ နည်း အားဖြင့် ပြောဆိုနိုင်ပါသည်။ သကဿကရာဇ် အားဖြင့် တွက်ချက်လျှင်မူ (၂၀၀၀-၆၉၀) ၁၃၁၀ အေဒီ ကောဇာသကဿကရာဇ် (၅၁) ခုနှစ်တွင် စတင်သည်ဟု ဆိုနိုင်သည။ မူလသကဿကရာဇ် (၁၈၉၀) ခုဟူ၍ လည်းသတ်မှတ်နိုင်သည်။
အရှို (ASHO) တိုင်းရင်းသား မျိုးနွယ်များသည် မိမိတို့ ၏ မျိုးစဉ်ဆက် မပျောက်ကွယ် စေရန် ဖခင်၏ အမည်နာမကို တွဲ၍ မှည့်ခေါ်လေ့ ရှိပါသည်။ ဥပမာ – စာရေးသူ၏ ဖခင်အမည်မှာ ပိုး ( ) ဖြစ်သော်လည်း မိမိ၏ ဖခင်အမည်နှင့် တွဲသော အခါ (ပိုးရှမ်) ဖြစ်လာသည်၊ ရှမ်၏ သား အမည် ကို လည်း ဖခင်၏ အမည်နှင့်တွဲရ သဖြင့် (ရှမ်မောင်) ဖြစ်လာသည်။ ထိုကြောင့် မိမိ၏ မျိုးဆက်များ ကို ပိုးရှမ်၊ ရှမ်မောင်၊ မောင်ဒိုး၊ ဒိုးပူး၊ ဟုခေါ် သည်၊ အမိ၏ အမည်မှာ ပရီဖြစ်၍ မိမိ၏ ဖခင်အမည်နှင့်တွဲခေါ်လျှင် ရီလောင်း ဖြစ်သည်။ မိခင်၏ ဆွေစဉ်မျိုးဆက် ကို ရီလောင်း၊ လောင်းပိန်၊ ပိန်ထေး၊ ထေးအုံ၊ အုံချော အစရှိုခေါ်ဝေါ် ကြပါသည်။ အထက်ဖေါ်ပြပါ ပုဂဿဂိုလ် များသည် မိမိတို့ ၏ ဆွေစဉ်မျိုးဆက်ကိုရေတွက်ကြရာတွင်အားလုံး အဖိုးဆုမ်းဆူ တွင်အဆုံးသတ်ကြသည်။ လက်ရှိ မကွေးတိုင်း၊ ယင်းကောက်ရွာမှ အသက် (၈၀) ရှိ ဦးချုံထိန်း သည် လည်းကောင်း၊ ရခိုင်ပြည်၊ တောင်ကုပ်မြို့  နယ်၊ ရပ်တော်မူကျေးရွာမှ အသက် (ရ၀) ရှိ ဦးဆောက်စုံ သည်လည်းကောင်း၊ မကွေးတိုင်း မင်းလှမြို့ နယ် ပနီဆုံကျေးရွာမှ အသက် (၅ရ) နှစ်ရှိ ဦးထွားလှုပ် တို့ သည် အဖိုးဆုမ်းဆူ ၏ မြေး ဦးမှော်လိပ် မှဆင်းသက်လာ ကြကြောင်း သိနိုင်သည်။ အားလုံး၏ မျိုးဆက်မှာလည်း အဖိုးဆုမ်းဆူ တွင်အဆုံးသတ်ကြသည်။
အဖိုးဆုမ်းဆူ၏ ဖခင်မှာ ဆူ ဖြစ်သော်လည်း ထပ်မံ၍ အမည်အပြည့်အစုံ မသိရတော့ပါ။ ထိုကြောင့် အရှိုမျိုးနွယ်စု မျိုးဆက်ပေါင်း အနည်းဆုံး (၂၃) ဆက်၊ နှစ်အားဖြင့် (၆၉၀) နှစ်၊ ခရစ်သကဿကရာဇ် အားဖြင့် အေဒီ ၁၃၁၀၊ ကောဇာသကဿကရာဇ် ၅၀၊ မူလသကဿကရာဇ် ၁၈၉၀ မှ နောက်အကျဆုံး စတင်ပေါက်ဖွားလာကြောင်း သိသာ ပါသည်။
ပုံ (၁) ချင်းလူမျိုးစုများ ပေါက်ဖွားလာပုံပြသောပုံ
ပုံ (၂) ချင်းလူမျိုးစုများ ပေါက်ပွားပြန့် နှံ့ လာပုံ
ပုံ (၃) အရှို တိုင်းရင်းသား အနွယ်ဝင်များ စတင်ပေါက်ပွားလာသော ခုနှစ်သကဿကရာဇ်
နှင့် သားစဉ်မြေးဆက် အမည်မှည့်ခေါ်ခြင်းဖြင့် သက်တမ်းရေတွက်မှုဖေါ်ပြခြင်း
ASHO အရှိုဆိုသောဝေါဟာရ၏အဓိပဿပါယ်
ASHO (အရှို) တိုင်းရင်းသားလူမျိုးများသည် “သက်”ဆိုသောလူမျိုးမှ ဆင်းသက် ပေါက်ဖွား လာသည် နှင့် အညီ “သက်” ဟူသောအဓိပဿပါယ် နှင့်တထပ်ထည်းဖြစ်နေသည်။ “သက်”ကို သက် ဘာသာစကားအားဖြင့် “ ASHO ” ဟုခေါ်သဖြင့် “အသက်” ဟုအဓိပဿပါယ် ရပါသည်။ ASHO (အရှို) တိုင်းရင်းသား စကားတွင်လည်း “ASAUK” (အဆောက်) သည် အသက် ဟူ၍ ပင် အဓိပဿပါယ် ရပါ သည်။ ထိုကြောင့် “ ASHO ” ဟူသောစကားသည် အရှိုတိုင်းရင်းသားအားဖြင့် အသက် ဟူ၍ အဓိပဿပါယ် ရှိနေခြင်းကို အောက်ပါ ဥပမာများအားဖြင့်သိနိုင်ပါသည်။
- “ ASAUK” (အဆောက်) “ ASHO” (အရှို) တို့ သည် အသက်ပင်ဖြစ်သည်။
- အသက်ရှူသည်၊ “ASHAO HMLOE EAY EAOH” အရှိုမှလိုအေအို။
- အသက်ဘယ်လောက်လဲ၊ “ASHAUK KUN PHYOE EAOH” အဆောက်ကွန်ဖြိုအို။
- အသက်ငင်သည်၊ “ASHAO LAUT KAOH” အရှိုလောက်ကို။
- အသက်ထွက်သည်၊ “ASHAO HSAWT KAOH” အရှိုဆောက်ကို။
- အသက်ရှင်သည်၊ “ASHAUK HAING EAOH” အဆောက်ဟိုင်အို။
ထိုကြောင့် “အရှို”ဟူသော အဓိပဿပါယ် မှာ“ ASHAUK” အဆောက်ပင် ဖြစ်၍ အသက်ဟု ခေါ်ဆိုခြင်းပင် ဖြစ်သည်။ သို ပါ၍ ASHAO (အရှို) သည်သက်ရှိလူသားဟူ အဓိပဿပါယ် ရှိပါသည်။
အရှိုတိုင်းရင်းသား ဘိုးဘွားများက လှီစိုးအရှို “HLEE ZAOW ASHO” ဟုခေါ်ဆို ကြခြင်း အဓိပဿပါယ်မှာ “သက်ရှိလူသားဘုရားသား” ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုကြောင့် ပင်လျှင် အရှို တိုင်းရင်းသား များသည် မိမိ ကိုယ်ကို မိမိ “အရှို” ဟုပင်မြတ်မြတ် နိုးနိုး ယနေ့ တိုင် ခေါ်ဆိုနေ ကြခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အေဒီ(၁၃) ရာစုနှစ်မှ စတင်၍ ဘိုးစဉ်ဘောင်ဆက် ခေါ်ဝေါ် လာခဲ့ခြင်း ဖြစ်ပါသည်။
အချုပ်ဆိုရသော် ASHAO (အရှို) တိုင်းရင်းသားလူမျိုးများသည် ချင်းလူမျိုး ဟူသော အခေါ်အဝေါ်ထက် “ ASHO ” (အရှို) ဟုခေါ်ခြင်းကိုသာ၍ နှစ်ထောင်းအားရရှိ ကြပါသည်။ ထိုကြောင့်လည်း “A B MISSIONARY E C CONDICT” ကလည်း “SOUTHERN CHIN CALL THEMSELVES ASHO” ဟု ၁၉၅၂ ခုနှစ်ထုတ် အရှိုဓမဿမသီချင်းစာအုပ် တွင်ဖေါ်ပြခြင်းဖြစ်သည်။
မှီငြမ်းစာတမ်းများ
၁။ ထွန်းရွှေခိုင်၊ စစ်တွေကောလိပ်၊ “ရခိုင်မြောက်ဖျား သက်တိုင်းရင်းသား။” ၁၉၈၈ ခု ဖေဖေါ်ဝါရီလ။ ၂။ ဆရာကြီးဦးဗန်ကြီး၊ စာမျက်နှာ ၁၂၁။
ဦးကျော်လွင်။ စာမျက်နှာ ၅၁။ ၁၉၈၃။
ဖလမ်းစိန်ရတုသဘင်မဂဿဂဇင်း ။ ၁၉၈၃ ခု။ ဖေဖေါ်ဝါရီ။
၃။ ရန်ကုန်တကဿကသိုလ်၊ ချင်းတိုင်းရင်းသား၊ စာပေနှင့်ယဉ်ကျေးမှုကော်မီတီ၏ ၁၉၆၈-၆၉ နှစ်ပတ် လည် မဂဿဂဇင်း မှ ဆလိုင်းစောဖေ။ ရန်ကုန်ချင်းတိုင်းရင်းသားတို့ ၏ ရှေးဟောင်း မြို့  များမှ ကျောက်စာများ။
၎။ ၁၉၅၂-၅၃ ခုနှစ်ထုတ်သောအရှို ဓမဿမသီချင်းစာအုပ်မှ ကောက်နှုတ်တင်ပြခြင်း။
၅။ ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မီတီ၏ VAKOK စာစောင်အတွဲ (၁၃) အမှတ် (၁)။
၂၀၀၀-၂၀၀၁ မှ VAN BIAK HTAN စာမျက်နှာ ၁၁၁ “THE NAME CHIN” ချင်းဟူသောဝေါဟာရ
အခေါ်ရေးသားချက်။
မြန်မာနိုင်ငံအတွင်းသို့ တိဗက်မြန်မာအုပ်စုဝင်ရောက်နေထိုင်လာခြင်းပြသောမြေပုံ